About HRH
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၇)ခုအနက်တစ်ခုဖြစ်ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အမျိုးသားကျန်းမာရေး မူဝါဒ၊စီမံကိန်းများနှင့်အညီ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်ရေး၊ ရောဂါကြိုတင်ကာကွယ်ရေး၊ ရောဂါ ဖြစ်ပွားလာလျှင်ထိရောက်စွာ ကုသပေးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိရာ ကျန်းမာရေးလူ့စွမ်းအား စုများသည် အဓိကကျသော စွမ်းအားစုဖြစ်ပါသည်။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသည် ထိုသို့အဓိကကျသော ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်အမျိုးမျိုးကို စီမံကိန်းဖြင့်စနစ်တကျ အလုံအလောက် လေ့ကျင့် မွေးထုတ်ပေးသော ဦးစီးဌာန ဖြစ်ပါသည်။